ဘရာဇီးသမ္မတသည် မေလတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မည်

News Image

  • ဘရာဇီးသမ္မတသည် မေလတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မည်

ဘရာဇီးသမ္မတ လူးဝစ် အီနာဆီယူ လူလာ ဒါဆီလ်ဗာသည် မေလတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရည်ရွယ်ထားပါသည်။

ဘရာဇီး သမ္မတ လူလာ ဒါဆေးဗာသည် ရုရှားဖက်ဒရေးရှင်း၏ သမ္မတ ဗလာဒီမာ ပူတင်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဘရာဇီးသမ္မတ၏ နိုင်ငံတကာရေးရာဆိုင်ရာ အထူးလက်ထောက် ဆယ်လ်ဆူ အမိုရင်းက ပြောကြားခဲ့ပါသည်။

“ဘရာဇီး သမ္မတ လူလာ ဒါဆေးဗာ သည် မေလတွင် ရုရှားနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ထိုနေရာတွင် ရုရှားဖက်ဒရေးရှင်း၏ သမ္မတ ဗလာဒီမာ ပူတင်နှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်” ဟု အမိုရင်းက ဘရာဇီးသတင်းစာ ဖိုလ်ဟာဒီ ဆန်ပေါ်လိုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ဘရာဇီးသမ္မတ၏ လက်ထောက်က ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မှုအပြီးတွင် သမ္မတ လူလာ ဒါဆေးဗာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ဇန်နဝါရီလတွင် သမ္မတ လူလာ ဒါဆေးဗာသည် သမ္မတဗလာဒီမာ ပူတင် အား မဟာမျိုးချစ်စစ်ပွဲအောင်ပွဲရရှိမှု နှစ် (၈၀) ပြည့် အထိမ်းအမှတ်ပွဲတွင် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပြီးဖြစ်ပါသည်။

ကိုးကား - Tass

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃