အမေရိကန်နှင့် တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိဟု အီရန်ပြော

News Image

  • အမေရိကန်နှင့် တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိဟု အီရန်ပြော

အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန်အသင့်ရှိသည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး အဘတ် အာရက်ချီက မတ်လ ၂၄ ရက်တွင်  ပြောကြားလိုက်သည်။

အီရန်နိုင်ငံ၏မူဝါဒသည်  နိုင်ငံအပေါ်ပိတ်ဆို့မှုများနှင့်  ဖိအားပေးမှုများ လုပ်ဆောင်နေစဉ်အတွင်း အမေရိကန်နှင့် တိုက်ရိုက်စေ့စပ် ဆွေးနွေးမည် မဟုတ်ကြောင်း၊ အမေရိကန်အစိုးရက  အီရန် အပေါ်ထားရှိသည့် ချဉ်းကပ် လုပ်ဆောင်မှု မပြောင်းလဲသရွေ့   နိုင်ငံ၏မူဝါဒမှာ ပြောင်းလဲမည်မဟုတ်ကြောင်း   အီရန်နိုင်ငံခြားရေးဝန်ကြီး  အဘတ် အာရက်ချီ က   SNN   ရုပ်သံဌာနနှင့် ပြုလုပ်သည့်တွေ့ဆုံမေးမြန်းခန်းတစ်ခု၌  ပြောကြားသည်။

ထို့ပြင် အီရန်အစိုးရ၏ အဓိကတာဝန်မှာ နိုင်ငံ၏အကျိုးစီးပွားနှင့် ပြည်သူများကို ကာကွယ်ပေးရန်အတွက်ဖြစ်ပြီး နိုင်ငံ၏အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများကိုလည်း အီရန်က လက်လွတ်ခံမည်မဟုတ်ကြောင်း     အာရက်ချီက ဆက်လက်ပြောကြားခဲ့ကြောင်း   သိရသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်က တွေ့ဆုံဆွေးနွေးမည်ဟူသော သတင်းစကားတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုနှစ် မတ်လအစောပိုင်းတွင် ဆိုရှယ်မီဒီယာတစ်ခုပေါ်၌ ရေးသားဖော်ပြခဲ့ကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

Source: https://myawady.net.mm/