တောင်ကိုးရီးယားနိုင်ငံမှ ကြက်ဥများ အမေရိကန်သို့ တင်သွင်းလျက်ရှိ
အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားလျက်ရှိသော ကြက်ငှက်တုပ်ကွေးရောဂါကြောင့် နိုင်ငံတစ်ဝှမ်းတွင် ကုန်စည်မလုံလောက်မှုဖြစ်ပြီး ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လက်ရှိတွင် တောင်ကိုးရီးယားမှ ကြက်ဥများကို တင်သွင်းနေပြီ ဖြစ်ပါသည်။
အမေရိကန်စိုက်ပျိုးရေးဌာန အကြီးအကဲဖြစ်သူ ဘရွတ်ရိုလင်းက တောင်ကိုရီးယား နှင့် တူရကီနိုင်ငံတို့မှ ကြက်ဥများ အမေရိကန်နိုင်ငံသို့ စတင်တင်သွင်းနေပြီဖြစ်ကြောင်းနှင့် အိမ်ဖြူတော်မှလည်း အခြားနိုင်ငံများမှ ကြက်ဥများ တင်သွင်းရန်လည်း ညှိနှိုင်းပြောကြားထားပြီးဖြစ်ကြောင်း ဝါရှင်တန် သတင်းထောက်များထံသို့ ပြောကြားခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စုတွင် ကြက်ငှက်တုပ်ကွေးရောဂါ အများအပြား ဖြစ်ပွားခဲ့မှုကြောင့် လယ်သမားများသည် ကြက်ငှက်ပေါင်း သန်း ၃၀ ဆုံးရှုံးခဲ့သောကြောင့် ပြည်တွင်းကြက်ဥ လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည့်အတွက် ကြက်ဥဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်သွားပါသည်။
ထိုကဲ့သို့ ကြက်ဥဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပြီးခဲ့သည့်နှစ်က သမ္မတ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်သည့်ကာလအတွင်း ၎င်း၏ ပြိုင်ဖက် ဂျိုးဘိုင်ဒင်အား မဲအသာစီးရပြီး အနိုင်ရခဲ့သည့် အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့ပါသည်။
ကိုးကား-South China Morning Post
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃