တောင်ခမ်း အောင်ပွဲအပြီးတွင် နောင်ချို ရွှေဧရာတိမ်ပင်လယ်အထိ တပ်မတော်စစ်ကြောင်းများ ပြန်လည်သိမ်းပိုက်
တောင်ခမ်းတွင် တိုက်ပွဲဖော်ဆောင်ခဲ့သော TNLA ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် နောင်ချိုမြို့နယ်မှ ရွှေဧရာ တိမ်ပင်လယ်အထိ တပ်မတော် စစ်ကြောင်းများက ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
တောင်ခမ်းတွင် တပ်မတော်က အသာစီးရယူနိုင်ခဲ့ပြီးနောက် နောင်ချို မြို့နယ်သို့ တန်ပြန်ထိုးစစ်ဆင်နေရာ ယင်းစစ်မျက်နှာတွင် TNLA ပူးပေါင်း အဖွဲ့က ခံစစ်ဖြင့် ပြန်လည်ခုခံနေရသော အခြေအရောက်နေခြင်း ဖြစ်သည်။
TNLA တို့၏ ခံစစ်စခန်းကုန်းများကိုလည်း တပ်မတော်က အလျင်အမြန် သိမ်းပိုက်နိုင်နေသကဲ့သို့ ယခုအခါ တိမ်ပင်လယ်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အနေအထားကို ရောက်သွားပြီဖြစ်သောကြောင့် တပ်မတော် စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန် နီးကပ်သွားပြီဖြစ်ကြောင်းလည်း သိရသည်။ TNLA နှင့်ပူးပေါင်း အဖွဲ့များသည်လည်း စစ်ရေးအရ အရေးပါသည့် နောင်ချိုဒေသတွင် ခံစစ်အတွက် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေကြကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရှိရသည်။
ကိုးကား-NP News