အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာမှုသည် မလွဲမသွေ ဖြစ်လာလိမ့်မည် ဟု စီးပွားရေးပညာရှင်များ ပြောကြား

News Image

  • အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာမှုသည် မလွဲမသွေ ဖြစ်လာလိမ့်မည် ဟု စီးပွားရေးပညာရှင်များ ပြောကြား

ကမ္ဘာ့စီးပွားရေးအခင်းအကျင်းသည် ငွေကြေးပေါင်းစုံသုံးစွဲသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးနေ ပြီဖြစ်သည်နှင့်အညီ တရုတ်နိုင်ငံ၏ ယွမ် ငွေကြေးကို နိုင်ငံတကာသုံးငွေကြေး ဖြစ်လာစေရန် အစဉ်တစိုက် ကြိုးပမ်းချက်များနှင့် နည်းပညာပြောင်းလဲလာမှုများသည် စီးပွားရေးပညာရှင်များက နည်းပညာဦးဆောင်မှုနေရာ‌ အပြောင်းအလဲများကြောင့် အမေရိကန် ဒေါ်လာ၏ကြီးစိုးမှု လျော့ကျလာပြီဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့ (မတ် ၂၄) က စီးပွားရေးပညာရှင်များက သုံးသပ်ထားကြပါသည်။

ကုန်သွယ်မှုများတွင် တရုတ်ယွမ်ငွေအသုံးပြုမှုသည် လွန်ခဲ့သည့် ၁၀ နှစ် အတွင်း ၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်အသုံးပြုလာနိုင်ပြီး တရုတ်ကုန်စည်စီးဆင်းမှုစုစုပေါင်း၏ ထက်ဝက်ခန့်ကို တရုတ်ယွမ်ငွေ ဖြင့် ငွေပေးချေမှုပြုလုပ်နေပြီ ဖြစ်ကြောင်း လန်ဒန်စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ Jin Keyu က ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။ 

စီးပွားရေးအချက်အလက်များအရ ဒေါ်လာတန်ဖိုးသည် တဖြည်းဖြည်း ကျဆင်းနေပြီဖြစ်ပြီး ဒေါ်လာကို သီးသန့်ငွေကြေးအဖြစ် ထားရှိမည့်အစား ယွမ်ငွေထားရှိမှုသည် ၂ ရာခိုင်နှုန်းမှ ၁၁ ရာခိုင် နှုန်းအထိ ခုန်တက်ခဲ့ကြောင်းနှင့် ရေရှည်တွင်ငွေကြေးပေါင်းစုံသုံးစွဲသည့်စနစ်သို့ ပြောင်းလဲလာမည်ဖြစ်သည်ကို စီးပွားရေးပညာရှင်များအားလုံးက ဂရုပြုနေပြီဖြစ်ကြောင်း လန်ဒန်စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ Keyu က ထပ်မံ ပြောကြားခဲ့ပါသည်။

ကိုးကား-South China Morning Post

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃