ကာကွယ်ရေးကဏ္ဍ အဆင့်မြှင့်နေမှုကို ဂျာမနီအစိုးရကြေညာ

News Image

  • ကာကွယ်ရေးကဏ္ဍ အဆင့်မြှင့်နေမှုကို ဂျာမနီအစိုးရကြေညာ

ဂျာမနီအစိုးရသည် ရုရှား၏ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ၎င်း၏တပ်ဖွဲ့များအား အဆင့်မြှင့်တင်မှုများ တိုးမြှင့်ဆောင်ရွက်နေမှုနှင့် အတူ ပထမဆုံးအကြိမ်အဖြစ် အဆင်မြင့်ဒရုန်းများကို ဝယ်ယူသွားမည် ဖြစ်ကြောင်း ဂျာမနီအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါသည်။ ဂျာမနီ အစိုးရသည် အသေခံဒရုန်းများကို ဝယ်ယူရန်အတွက် စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မစ်ကိုမူလာက ပြောကြားခဲ့ပါသည်။ အနောက်အုပ်စုနိုင်ငံ များသည် စစ်ပွဲအတွင်း ဒရုန်းများ၏အရေးပါရှိမှုကို ယူကရိန်းစစ်ပွဲတွင် တွေ့ကြုံခဲ့ပြီးနောက် ဒရုန်းနှင့်ပတ်သက်သည့် တိုးမြှင့်မှုများ ထွက်ပေါ် လာခြင်းလည်းဖြစ်ပါသည်။ ရုရှားနှင့်ယူကရိန်းတို့သည် ထောက်လှမ်းရေး အတွက် ဒရုန်းများကို အသုံးပြုခဲ့ကြပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် အဆိုပါ ဒရုန်းများသည် ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်ကြောင်းလည်း သိရ ပါသည်။ ဂျာမနီအစိုးရသည် ၎င်း၏ ဒရုန်းစွမ်းရည်များ တိုးတက်စေရန် အတွက် အဆက်မပြတ်လုပ်ဆောင်နေကြောင်းလည်း မစ်ကိုမူလာက ပြောကြားခဲ့ပါသည်။ ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနသည် ဒရုန်းများကို စမ်းသပ်မှုများလုပ်ဆောင်ရန်အတွက် တပ်ဖွဲ့များဆီသို့ တိုက်ရိုက် ပို့ဆောင်ရန် အမိန့်ပေးခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့ပါသည်။

ကိုးကား-NP News