အခွန် ၃၆ % ကိစ္စ ဆွေးနွေးရန် ထိုင်းဒုဝန်ကြီးချုပ် ဝါရှင်တန် သွားမည်

News Image

  • အခွန် ၃၆ % ကိစ္စ ဆွေးနွေးရန် ထိုင်းဒုဝန်ကြီးချုပ် ဝါရှင်တန် သွားမည်

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira သည် ယခုအပတ်တွင် ဝါရှင်တန်သို့ သွားရောက်ပြီး အမေရိကန်အစိုးရ နှင့်တွေ့ဆုံကာ ထိုင်းသွင်းကုန်များအပေါ် အခွန် ၃၆ % စည်းကြပ်မည့် ကိစ္စဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ရှင်နဝတ်ထရာက ပြောကြားထားပါသည်။

ထိုင်းနိုင်ငံမှ အမေရိကန်သို့ အဓိကတင်ပို့နေသော အီလက်ထရောနစ် ပစ္စည်းများ၊ ထုတ်ပိုးပြီးအစားအသောက်များနှင့် စိုက်ပျိုးရေး ထုတ်ကုန် များအပေါ် ဒေါ်နယ်ထရမ့်က အခွန် အခွန် ၃၆ % အထိ စည်းကြပ်ခံ ရမည့် အန္တရာယ်ရှိကြောင်း ရှင်နဝတ်ထရာက အတည်ပြု ပြောကြားထား ပါသည်။

ထိုင်းအနေဖြင့် အမေရိကန်နှင့် ထိပ်တိုက်ဆက်ဆံမှုအဆင်ပြေစေရန် အမေရိကန်ထုတ် လျှပ်စစ်စွမ်းအင်ထုတ်ကုန်များ၊ လေယာဉ်များ၊ စိုက်ပျိုးထုတ်ကုန်များကို ပိုမိုဝယ်ယူရန် ပြင်ဆင်နေပါကြောင်း သူမက ထပ်လောင်းပြောကြားထားပါသည်။

ဧပြီလ ၂ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ တင်သွင်းလာသော ကုန်စည်များအပေါ် ၁၀ % အခြေခံအခွန်အဖြစ် ချမှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုအခွန်သည် အချို့သော နိုင်ငံများအတွက် ပိုမိုမြင့်မားသော အခွန်နှုန်းထားများ ဖြစ်လာနိုင်ပြီး ထိုင်းအပါအဝင် အချို့ထုတ်ကုန်အပေါ် ၃၆ % အထိ အခွန်စည်းကြပ် ခံနိုင်ဖွယ် ရှိနေကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃