အမေရိကန်နိုင်ငံမှ ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အချက် အလက်များကို ဖော်ပြလေ့ရှိသည့် 1945 သတင်းဌာနပါ အချက်အလက် များအရ လာမည့်လများတွင် ထိုင်ဝမ်ကို တရုတ်ကကျူးကျော်မှု ပြုလုပ်နိုင်
အမေရိကန်နိုင်ငံမှ ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အချက် အလက်များကို ဖော်ပြလေ့ရှိသည့် 1945 သတင်းဌာနပါ အချက်အလက် များအရ လာမည့်လများတွင် ထိုင်ဝမ်ကို တရုတ်ကကျူးကျော်မှု ပြုလုပ် နိုင်ကြောင်း သိရှိရပါသည်။
စစ်ဆင်ရေးကို အမျိုးအစား ၃ မျိုးဖြင့်ပြုလုပ်နိုင်ကြောင်း သိရှိရပါသည်။
(၁) ပိတ်ဆို့တားဆီးမှုပြုလုပ်ခြင်းမှ ငြိမ်းချမ်းစွာ ပေါင်းစည်းခြင်း။ (ထိုင်ဝမ်သည် သွင်းကုန်ပစ္စည်းများအပေါ် မှီခိုရပါသည်။)
(၂) အငိုက်ဖမ်း တိုက်ခိုက်မှု ပြုလုပ်ခြင်း။ (ဒုံးကျည်တိုက်ခိုက်မှုများ၊ UAV များ၊ စစ်သား ၁၀၀,၀၀၀ လေထီးဖြင့် ဆင်းသက်၍ တိုက်ခိုက် ခြင်း။)
(၃) ဂျပန်၊ ဖိလစ်ပိုင်နှင့် ဂူအမ်၊ ထိုင်ဝမ်တို့ရှိ ပစိဖိတ်သမုဒ္ဒရာရှိ အမေရိကန်အခြေစိုက်စခန်းများကို ဖယ်ရှားရန် တိုက်ခိုက်ခြင်း။
မကြာသေးမီလများအတွင်း တရုတ်နိုင်ငံသည် တစ်စုံတစ်ခုအတွက် ပြင်ဆင် နေကြောင်းနှင့် ယင်းပြင်ဆင်မှုသည် ကမ္ဘာပေါ်တွင် လက်ရှိ အစီ အစဥ်ကို လုံးဝပြောင်းလဲသွားစေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က မှတ်ချက် ပြုခဲ့သည်ဟု သတင်းစာက ရေးသားထားပါသည်။