အီရန်နျူကလီးယားကိစ္စ ဖြေရှင်းနိုင်ရေးအတွက် ရုရှားကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောကြား

News Image

  • အီရန်နျူကလီးယားကိစ္စ ဖြေရှင်းနိုင်ရေးအတွက် ရုရှားကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောကြား

အီရန်နျူကလီးယားပြဿနာကို ဖြေရှင်းရန် ရုရှား-တရုတ်-အီရန် ကျွမ်းကျင်သူအဆင့် အစည်းအဝေးတစ်ရပ် ကျင်းပရန် တရုတ်နှင့် ရုရှား တို့ သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားလိုက်ပါသည်။ 

“သုံးနိုင်ငံ ကျွမ်းကျင်သူဆွေးနွေးပွဲကို ရုရှားတွင် ကျင်းပရန် တရုတ်က ထောက်ခံထားပါကြောင်း၊ အီရန်နျူကလီးယားပြဿနာကို သံတမန် နည်းလမ်းအရ ပြေလည်စေရေးအတွက် နောက်ထပ်ကြိုးစား လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း” Lin Jian က ထပ်လောင်းပြောကြားထားပါသည်။ 

သုံးနိုင်ငံကျွမ်းကျင်သူများအဆင့် ဆွေးနွေးပွဲကို မော်စကိုမှာ ဧပြီ ၈ ရက် တွင် ကျင်းပသွားမည်ဟု ရုရှားနိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အစောပိုင်းက ပြောကြားထားပါသည်။ 

ကိုးကား- TASS