ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိပေးချက်တစ်ခု ကို အမေရိကန်စစ်ဘက်ထုတ်ပြန်

News Image

  • ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိပေးချက်တစ်ခု ကို အမေရိကန်စစ်ဘက်ထုတ်ပြန်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်သည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိ‌ပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ဗုံးကြဲတိုက်ခိုက်မှုများက ပိုမိုဆိုးရွားလာလိမ့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပင်လယ်နီအတွင်း ရေကြောင်းသွားလာမှု များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ဟူသီ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို သီတင်းပတ်သုံးပတ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေး ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထို့အပြင် ပီတီဟတ်ဆတ်သည် ဆော်ဒီအာရေဗျကာကွယ်ရေးဝန်ကြီး Khalid bin Salman နှင့် နှစ်နိုင်ငံ ကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုများ အားကောင်းလာစေရန်ကြိုးပမ်းမှုများနှင့် ဆက်လက်လုပ်ဆောင်နေသည့် စစ်ဆင်ရေးများအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။ အဆိုပါ ဆွေးနွေးမှုများကို Khalid bin Salman က အတည်ပြုခဲ့ပြီး ၎င်းတို့ နှစ်ဦးသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း နှင့်နိုင်ငံတကာလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန် အမြင်များ ကို မျှဝေခဲ့ကြသည်ဟု ပြောကြားခဲ့ပါသည်။ ပီတီဟတ်ဆတ်နှင့် Khalid bin Salmanတို့သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်ရေးစွမ်းရည်များကို ကျဆင်းစေရန် လုပ်ဆောင်နေသည့် အမေရိကန်၏စစ်ဆင်ရေး တိုးတက် မှုများ၊ ပင်လယ်နီအတွင်း ရေကြောင်းလွတ်လပ်စွာသွားလာခွင့်များ အပါ အဝင် ဒေသတွင်းလုံခြုံရေးနှင့်ပတ်သက်ပြီး အမြင်များကို ဖလှယ်ခဲ့ကြ ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ကပြောကြားခဲ့ပါသည်။

ကိုးကား-NP News