ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ရုရှား-မြောက် ကိုရီးယား ချိတ်ဆက်မှုအပေါ် စိုးရိမ်ကြောင်းဖော်ပြ

News Image

  • ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ရုရှား-မြောက် ကိုရီးယား ချိတ်ဆက်မှုအပေါ် စိုးရိမ်ကြောင်းဖော်ပြ

ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြင့် လာခြင်းသည် ယူကရိန်း၏အခြေအနေကို ပိုမိုဆိုးရွားစေရုံသာမက ဂျပန် ပတ်ဝန်းကျင်ရှိ ဒေသန္တရလုံခြုံရေးအရလည်း အလွန်အလေးထားသင့် ကြောင်း ထောက်ပြထားသည်။

ဧပြီ ၈ ရက် (အင်္ဂါနေ့) ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြခဲ့သော Diplomatic Bluebook သည် လွန်ခဲ့သောနှစ်အတွင်း နိုင်ငံတကာအခြေအနေနှင့် ဂျပန်နိုင်ငံ၏ သံတမန်ရေးရာ အကျဉ်းချုပ် ဖြစ်ပါသည်။

ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများအကြား ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မျှော်လင့်ထားသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းမရှိကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားပါသည်။

အဆိုပါအစီရင်ခံစာတွင် ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru နှင့် အမေရိကန် သမ္မတ Donald Trump တို့ကြား ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲကို ကိုးကားပြီး နှစ်နိုင်ငံဆက်ဆံရေးကို နက်ရှိုင်းအောင် လုပ်ဆောင်ရန် ဂျပန်နိုင်ငံက ပြဋ္ဌာန်းထားကြောင်း အလေးပေးဖော်ပြ ထားပါသည်။

ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးတို့ နီးကပ်စွာ ဆက်စပ်နေကြောင်း အဆိုပါ bluebook ၌ ဖော်ပြထားပါသည်။ တရား ဥပဒေစိုးမိုးမှုအပေါ် အခြေခံသော လွတ်လပ်ပွင့်လင်းသည့် နိုင်ငံတကာ ကျင့်ထုံးကို ထိန်းသိမ်းရေးနှင့် ခိုင်ခံ့စေရေးအတွက် ဂျပန်သည် G7၊ စိတ်သဘောထားတူနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂