အမေရိကန်နှင့် အီရန်ကြား တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်ပြော

News Image

  • အမေရိကန်နှင့် အီရန်ကြား တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နှင့်အီရန်တို့သည် နျူကလီးယားသဘောတူညီချက်အတွက် တိုက်ရိုက်ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဒေါ်နယ်ထရမ့်သည် အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုနှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် အချိန် အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် အီရန်နှင့် အမေရိကန်ကြား အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ကို လာမည့်ဧပြီလ(၁၂)ရက်နေ့တွင် အိုမန်နိုင်ငံ၌ ကျင်းပသွားမည်ဟုလည်း ဒေါ်နယ်ထရမ့်က‌ ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က “မိမိတို့ အနေ ဖြင့် အလွန်ကြီးမားသည့် ဆွေးနွေးမှုတစ်ခု လုပ်ဆောင်ရန်ရှိကြောင်း၊ ဖြစ်လာနိုင်မည့် ရလဒ်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ သဘောတူညီချက် လုပ်ဆောင်ခြင်းက ပိုကောင်းမည်ဆိုသည်ကို အားလုံးက သဘောတူညီ မည်ဟု မိမိထင်မြင်မိကြောင်း” ပြောဆိုခဲ့ပါသည်။ ထို့အပြင် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ပါက အီရန်အနေဖြင့် ကြီးမားသည့်အန္တရာယ်နှင့် ကြုံတွေ့ ရနိုင်သည်ဟု ထင်မိကြောင်းလည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ဒေါ်နယ်ထရမ့်သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခုလုပ်ဆောင်ရန် စာတစ်စောင်ကို လွန်ခဲ့သော မတ်လ (၇) ရက်နေ့က အီရန်ခေါင်းဆောင် အလီခါမေနီထံ ပေးပို့ခဲ့ခြင်း လည်းဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို အီရန်အစိုးရက အစောပိုင်း၌ ငြင်းဆန်ပယ်ချခဲ့သော်လည်း နောက်ပိုင်းတွင် ဆွေး‌နွေးမှု များ လုပ်ဆောင်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ကိုးကား-NP News