ရုရှား-ဘင်္ဂလားဒေ့ရှ် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

News Image

  • ရုရှား-ဘင်္ဂလားဒေ့ရှ် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin နှင့် ဘင်္ဂလားဒေ့ရှ် တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman တို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရပါသည်။

ထိုသို့တွေ့ဆုံချိန် နှစ်နိုင်ငံအကြား ကာကွယ်ရေးနယ်ပယ်၌ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ တပ်မတော်များနှင့်ပြည်သူများအကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာ စေရန် အတူတကွ ဆန္ဒပြုကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကိုးကား- TASS/ New Age

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃