အီရန်အပေါ် ဗုံးကြဲရန် ထရမ့်၏ ခြိမ်းခြောက်မှု အလုပ်မဖြစ်နိုင်ကြောင်း ရုရှားပြောကြား
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အီရန်အပေါ် စစ်ရေးအရေးယူ ခြိမ်းခြောက်မှုများမှာ ငြိမ်းချမ်းရေး မရရှိနိုင်ကြောင်း၊ ဗုံးကြဲ တိုက်ခိုက် ခြင်းမှာ ပြဿနာကို မဖြေရှင်းနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Maria Zakharova က ဧပြီလ ၉ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ပါသည်။
အမေရိကန်နှင့်အီရန်အကြား စစ်ရေးအရေးယူမှုများ မဖြစ်စေရန် ရုရှား အနေဖြင့် သံတမန်ဆက်ဆံရေးဖြင့် ဖြေရှင်းရန် အားပေးနေကြောင်း၊ အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးမှုများကို ထောက်ခံကြောင်း၊ သမ္မတထရမ့်၏ အီရန်အပေါ် စစ်ရေးအရေးယူ ခြိမ်းခြောက်မှုများကို တရားမဝင်ကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိကြောင်း ထိုခြိမ်းခြောက်မှုက ကမ္ဘာ့ငြိမ်းချမ်းရေးကို အန္တရာယ်ကျရောက်နိုင်ကြောင်း Zakharova က ထပ်လောင်းပြောကြားထားပါသည်။
ထိုသို့ခြိမ်းခြောက်နေမှုမှာ တင်းမာမှုများကို ပိုမိုတိုးလာစေပြီး အီရန် အနေဖြင့် မတည်ငြိမ်မှုများကို ရှောင်ရှားရန် ကြိုတင်အရေးယူမှုများ ပြုလုပ်နေကြောင်း ကရင်မလင်ပြောခွင့်ရ ဒီထရီပက်စကိုဗ်ကလည်း ပြောကြားထားပါသည်။
ကိုးကား- Reuters
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃