အမေရိကန်၏အခွန်စည်းကြပ်မှုအပေါ် မည်သည့်တုံ့ပြန်မှုအစီအမံမျှ ဆောင်ရွက်မည် မဟုတ်ကြောင်း အာဆီယံ ထုတ်ပြန်

News Image

  • အမေရိကန်၏အခွန်စည်းကြပ်မှုအပေါ် မည်သည့်တုံ့ပြန်မှုအစီအမံမျှ ဆောင်ရွက်မည် မဟုတ်ကြောင်း အာဆီယံ ထုတ်ပြန်

သွင်းကုန်များအပေါ် အခွန်စည်းကြပ်ရန် ဝါရှင်တန်၏ ဆုံးဖြတ်ချက်များ ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် လက်တုံ့ ပြန်မည့်အစီအမံချမှတ်မည်မဟုတ်ကြောင်း အမေရိကန်၏ အခွန်စည်း ကြပ်မှုဆိုင်ရာကိစ္စအပေါ် အာဆီယံ စီးပွားရေးဝန်ကြီးများ၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားပါသည်။

ကုန်သွယ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်ရန် အမေရိကန်နှင့် ပွင့်လင်းမြင်သာစွာ အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန်မှာ မိမိတို့ အာဆီယံ၏ ဘုံရည်ရွယ်ချက်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ “အမေရိကန်၏ အခွန်စည်းကြပ်မှုကို တုံ့ပြန်ရန် မည်သည့်အစီအမံမျှ ပြုလုပ်သွားမည်မဟုတ် ဆိုသည်ကို ကတိပြုပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ ကုန်ပစ္စည်း များအပေါ် အခွန်စည်းကြပ်ရန် ဧပြီ ၂ ရက်တွင် ကြေညာခဲ့ပါသည်။ ရုရှား နိုင်ငံသည် ထိုနိုင်ငံများစာရင်းတွင် ပါဝင်လာခြင်းမရှိချေ။ ဒေါ်နယ်ထရမ့် သည် နိုင်ငံအများအပြားအတွက် အပြန်အလှန်ထိန်းကျောင်းမှုဆိုင်ရာမူဝါဒအရ နောက်ထပ်သွင်းကုန်ခွန်များကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ကြောင်း ဧပြီ ၉ ရက်တွင် ကြေညာထားပါသည်။ တချိန်တည်းမှာပင် တရုတ် ထုတ်ကုန်များအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါသည်။

ယခုအခါ အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား (၄၉%) ၊ လာအို (၄၈%) ၊ ဗီယက်နမ် (၄၆%) ၊ ထိုင်း (၃၆%) ၊ အင်ဒိုနီးရှား (၃၂%) ၊ မလေးရှား (၂၄%) တို့မှာ အခွန်အများဆုံး စည်းကြပ်ခံရမှု ရင်ဆိုင်နေရသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃