ပြင်သစ်၊ ဗြိတိန်တို့ Odessa တွင် စစ်ရေးလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရုရှားသံတမန်ပြောကြား
ပြင်သစ်နှင့် ဗြိတိန်တို့က Odessa မြို့တွင် စစ်ရေးလုပ်ဆောင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ဧပြီ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားလိုက်သည်။
ဧပြီ ၄ မှ ၅ ရက်အတွင်း ကီဗ်မြို့၌ ယူကရိန်း၊ ဗြိတိန် နှင့် ပြင်သစ် စစ်တပ် အရာရှိများသည် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့” ဟု ခေါ်သော စစ်ရေးစီမံချက်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ၄င်းက ပြောကြားထားပါသည်။
အမှန်တကယ်အားဖြင့် ထိုဆွေးနွေးမှုများမှာ ပြင်သစ်-ဗြိတိန် တပ်ဖွဲ့များ က ယူကရိန်း၏ ပင်လယ်နက်ရှိ ဆိပ်ကမ်းများ—အထူးသဖြင့် Odessa မြို့ ကို ဦးတည်၍ စစ်ရေးလုပ်ဆောင်ရန်အတွက် ဖြစ်ကြောင်း အဓိက အချက်အဖြစ် အလေးထားပေးပြောကြားခဲ့သည်။
ကိုးကား- TASS/ apa
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category