ဗြိတိန်၊ နော်ဝေး ယူကရိန်းသို့ ဒေါ်လာသန်း ၅၈၀ ထောက်ပံ့မည်
ဗြိတိန်နှင့် နော်ဝေးတို့သည် ယူကရိန်းအား စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၈၀ ခွဲဝေထောက်ပံ့ပေးမည်ဟု ရိုက်တာ သတင်းက ဖော်ပြထားသည်။
ထိုရန်ပုံငွေများမှာ ယူကရိန်းစစ်တပ်အတွက် ဒရုန်းရာချီ ထောက်ပံ့နိုင်ရန်၊ ယာဉ်နှင့်စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရန်၊ ရေဒါစနစ်များ၊ တင့်ကားဖျက်မိုင်းများနှင့် တန်ပြန်ဒရုန်းနည်းပညာတို့အတွက် လိုအပ်သည်များ ဝယ်ယူရန် အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။
ဧပြီ ၁၁ ရက် (သောကြာနေ့) တွင် ကျင်းပမည့် ယူကရိန်းနိုင်ငံသို့ စစ်ဘက် ဆိုင်ရာ ထောက်ပံ့မှုများဆိုင်ရာ အစည်းအဝေးမတိုင်မီ ထိုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကား- TASS / Reuters
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category