အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံများထံမှ သင်္ဘောများအား မှာယူမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ပြောကြားခဲ့

News Image

  • Trump said that the USA will order ships from other countries

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်အစိုးရသည် မဟာမိတ် နိုင်ငံများထံမှ သင်္ဘောများကို ယာယီမှာယူပြီး နောက်ပိုင်းတွင် ပြည်တွင်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်မြှင့်တင်ရန် အစီအစဉ်ရှိ ကြောင်းကြေညာခဲ့ပါသည်။ အိမ်ဖြူတော်တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်း အဝေးတွင် သမ္မတက "ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သင်္ဘောလုပ်ငန်းကို ပြန်လည် တည်ဆောက်ပါမည်။ဤအတွက် ကွန်ဂရက်လွှတ်တော်နှင့် ညှိနှိုင်းရန် လိုအပ်ပါက ညှိနှိုင်းပြီး၊ သင်္ဘောတည်ဆောက်ရာတွင် ကျွမ်းကျင်သော မိတ်ဖက်နိုင်ငံများထံမှ သင်္ဘောအချို့ကို ဝယ်ယူနိုင်ပါသည်" ဟု ပြောကြားခဲ့ သည်။

"ကျွန်ုပ်တို့သည် သင်္ဘောလုပ်ငန်းကို ပြန်လည်စတင်ပါမည်။ လက်ရှိတွင် အမေရိကန်သည် သင်္ဘောများကို အမှန်တကယ် မတည်ဆောက်နိုင်တော့ ဘဲ၊ ဤအခြေအနေသည် စိုးရိမ်စရာဖြစ်ကြောင်း၊  အနာဂတ်တွင် ဤလုပ်ငန်း သည် အမေရိကန်အတွက် အလွန်ကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပါမည်" ဟု သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

သမ္မတ က "ကျွန်ုပ်တို့သည် မဟာမိတ်နိုင်ငံများထံမှ အဆင့်မြင့်သင်္ဘော များကိုမှာယူကာ၊ကာလတိုအတွင်း ကိုယ်ပိုင်သင်္ဘောများကို စတင်တည် ဆောက်နိုင်မည်" ဟု နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ်လ့်(ဇ်) က ယခင်နှစ်က တရုတ်နိုင်ငံသည် သင်္ဘော ၁,၇၀၀ ကျော် တည်ဆောက်ရန် အပ်နှံခံခဲ့ရပြီး အမေရိကန်သင်္ဘောကျင်းများမှာ ၅ စင်းသာ ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

ကိုးကား - Tass