ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေး မရှိပါက အမေရိကန်နှင့် ရုရှားဆက်ဆံရေးတွင် ကြီးမားသောပြောင်းလဲမှုများ မရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့

News Image

  • ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေး မရှိပါက အမေရိကန်နှင့် ရုရှားဆက်ဆံရေးတွင် ကြီးမားသောပြောင်းလဲမှုများ မရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့

ယူကရိန်း၌ အပစ်အခတ်ရပ်စဲရန် အရေးကြီးကြောင်း အမေရိကန် သမ္မတက အလေးပေးပြောဆိုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ် က ထောက်ပြပြောကြားခဲ့ပါသည်။

ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေး မရှိပါက အမေရိကန်-ရုရှား ဆက်ဆံရေး တွင် မည်သည့်အပြုသဘောဆောင်သော တိုးတက်မှုမျှ  မျှော်လင့်ရန် မဖြစ်နိုင်ကြောင်း အမေရိကန်က ယူဆထားပါသည်ဟု ၎င်းက ပြောကြား ခဲ့ပါသည်။

"သမ္မတ ဒေါ်နယ်ထရမ့် က ရုရှားနှင့်ဆက်ဆံရေးတွင် လက်ရှိ အရေးအကြီး ဆုံးအချက်မှာ ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးသာ ဖြစ်ကြောင်း ရှင်းရှင်း လင်းလင်းဖော်ပြခဲ့ပါတယ်။ဤကိစ္စမဖြေရှင်းမချင်း အခြားမည်သည့်ကိစ္စကိုမှ ဆွေးနွေးမည်မဟုတ်ပါ"ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ တမ်မီဘရုစ် က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ကိုးကား - Tass