အမေရိကန်- အီရန် ဆွေးနွေးပွဲ ဆက်လက်ကောင်းမွန်ကြောင်း ထရန့်ပြောကြား

News Image

  • အမေရိကန်- အီရန်  ဆွေးနွေးပွဲ ဆက်လက်ကောင်းမွန်ကြောင်း ထရန့်ပြောကြား

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ဆွေးနွေးနေမှုသည် လမ်းကြောင်းမှန် အတိုင်း အခြေအနေဆက်လက်ကောင်းမွန်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ သမ္မတလေယာဉ်ပေါ်တွင် သတင်းထောက် များအား ပြောကြားလိုက်ပါသည်။

“ယခုအချိန်ထိ အားလုံးအေးအေးဆေးဆေးဖြစ်နေပါတယ်၊ ဒါပေမယ့် အပြီးသတ် အောင်မြင်မှုရရှိဖို့က ပိုအရေးကြီးကြောင်း၊ ထိုအချိန်မှသာ ထုတ်ဖော်ပြောကြားနိုင်မည်ဖြစ်ပါတယ်”ဟု ဒေါ်နယ်ထရန့်ကပြောကြား ထားပါသည်။

အိုမန်နိုင်ငံတွင် ဧပြီ ၁၂ (စနေ)က အမေရိကန်နှင့် အီရန်အကြား မူကြမ်း အနေဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အမေရိကန်ဘက်မှ အထူးကိုယ်စားလှယ် Steve Witkoff နှင့် အီရန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး Araghchi တို့ ဦးဆောင်တက်ရောက်ဆွေးနွေးကြသည်။ထိုအစည်းအဝေးသို့ အိမ်ရှင် အိုမန် နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အပြုသဘောဆောင်ဆွေးနွေးခဲ့ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ထပ်မံ၍ ဧပြီ ၁၉ တွင် အိုမန် နိုင်ငံတွင် ဆက်လက်ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း  ကြေညာခဲ့သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃