ဥရောပ၏ ပမာဏအစီအစဉ်အရ ဂျာမနီက ယူကရိန်းကို လက်နက်ခဲယမ်း ၅၀၀,၀၀၀ ကို ပေးပို့မည် - ဂျာမနီခေတ္တနိုင်ငံခြားရေးဝန်ကြီး
ဥရောပ၏ ယူကရိန်းထံ လက်နက်ခဲယမ်း စုစုပေါင်း ၂ သန်း ပေးအပ်ရန် ပမာဏအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအရ ဂျာမနီအနေဖြင့် ယူကရိန်းသို့ လက်နက်ခဲယမ်း ၅၀၀,၀၀၀ (စုစုပေါင်း၏ ၄ ပုံ ၁ ပုံ ) ပေးပို့မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံ ခေတ္တနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က လူဇင်ဘတ်တွင်ကျင်းပသည့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီတွင် ကြေညာလိုက်ပါသည်။
ယူကရိန်းအား နောက်ထပ် စစ်ရေးထောက်ပံ့မှုအစီအစဉ်အဖြစ် IRIS-T လေကြောင်းရန်ကာကွယ်ရေးစနစ် လေးခု၊ ပဲ့ထိန်းဒုံးကျည် ၃၀၀ နှင့် ရေဒါအစီးရေ ၁၀၀ အပါအဝင် တင့်ကား ၁၅ စီး၊ ခြေလျင်တိုက်ခိုက်ရေး ယာဉ် ၂၅ စီး၊ အမြောက် ၁၄ လက်၊ ကင်းထောက်မောင်းသူမဲ့လေယာဉ် အစီး ၃၀၀ နှင့် အမြောက်ကျည် ၁၀၀,၀၀၀ ခန့် ပါဝင်ကြောင်း ဧပြီလ ၁၁ ရက်တွင် ဂျာမနီနိုင်ငံ ခေတ္တကာကွယ်ရေးဝန်ကြီး Boris Pistorius က အစီရင်ခံပြောကြားခဲ့သည်။
ဂျာမနီသည် အမေရိကန်ပြီးနောက် ယူကရိန်းကို စစ်ရေးအကူအညီ ဒုတိယ အများဆုံးထောက်ပံ့သူဖြစ်သည်။ပဋိပက္ခစတင်ကတည်းက ဂျာမနီသည် စစ်ရေး၊ ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှု များအတွက် ယူရို ၄၄ ဘီလီယံခန့် ထောက်ပံ့ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃