ကျည်ဆန်မိုးရွာမယ့် ကမ္ဘာ့ပထမဆုံး ၁၆ လုံးပြူးသေနတ်
တရုတ်တပ်မတော်က မျက်မှောက် ခေတ်စစ်ဆင်ရေးမှာ အရေးပါလာတဲ့ ဒရုန်းများ၊ အနိမ့်ပျံဗုံးသီးများ၊ ဒုံးကျည်များ၊ ရဟတ်ယာဉ်များကို ပစ်ခတ်နိုင်ဖို့ အတွက် ကမ္ဘာ့ပထမဆုံးသော လက်နက် စနစ်တစ်မျိုးကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ အဲဒီစနစ်ကတော့ ပြောင်း ၁၆ ခု ပါဝင်တဲ့ ၁၆ လုံးပြူးသေနတ်ပါပဲ။
အဓိကအားဖြင့် သူ့ကိုလေကြောင်းရန် ကာကွယ်ရေးမှာ အသုံးပြုသွားမှာဖြစ်တဲ့အတွက် ဒရုန်းအုပ်ဖျက်နဲ့ ဒုံးကျည်ဖျက် လက်နက်စနစ်ဆိုပြီး ခေါ်ပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ ပြောင်းများက တစ်စက္ကန့်ကိုကျည်ဘယ်လောက်နှုန်းထွက်တယ်ဆိုတာမပြောထားပေမယ့် ဒရုန်းအုပ်ကိုတော့ ကျည်ဆန်မိုးရွာပြီး ကောင်းကောင်းကြီး ချေမှုန်းနိုင်တယ်လို့ ဆိုပါတယ်။
သူ့ကိုထရပ်ကားများပေါ်တင်၍ဖြစ်စေ၊ သံချပ်ကာယာဉ်များပေါ်တင်၍ဖြစ်စေ၊ စစ်သင်္ဘောများပေါ်တင်၍ဖြစ်စေ အသုံးပြုနိုင်တယ်လို့လည်း ထုတ်လုပ်သူများက ပြောထားပါတယ်။
Source: https://myawady.net.mm/