ထရမ့်၏ ရွှေကွန်ချာကို အကောင်အထည်ဖော်ရေး SpaceX ကဦးဆောင်နေ

News Image

  • ထရမ့်၏ ရွှေကွန်ချာကို အကောင်အထည်ဖော်ရေး SpaceX ကဦးဆောင်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွှေကွန်ချာဟု အမည်ပေးထားသော အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အကောင်အထည်ဖော်ရန် အီလွန်မက်၏ SpaceX ကုမ္ပဏီက ဦးဆောင်နေကြောင်း အတွင်းသတင်းများအရ သိရသည်။

ထရမ့်သည် အစ္စရေးနိုင်ငံ၏ သံကွန်ချာအမည်ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်ကဲ့သို့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖန်တီးရန် ဇန်နဝါရီလတွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထရမ့်၏ရွှေကွန်ချာစနစ်တွင် ခြေရာခံ ဂြိုဟ်တုအစင်းရေ ၄၀၀ မှ ၁၀၀၀ အထိ လွှတ်တင်မှု ပါဝင်သည့်အပြင် လေပိုင်နက် အတွင်းဝင်ရောက်လာသော ဒုံးကျည်များ ကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက် လက်နက်တပ်ဆင်ထားသည့် ဂြိုဟ်တုအစင်းရေ ၂၀၀ လည်းပါဝင်မည်ဖြစ်သည်။

ထို့အတွက် လိုအပ်သောဂြိုဟ်တုများနှင့် လက်နက်စနစ်များကို တပ်ဆင်ထုတ်လုပ်နိုင်ရန် တင်ဒါခေါ်ခဲ့ရာ အီလွန်မက်၏ SpaceX ကုမ္ပဏီက တင်ဒါအောင်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သတင်းအရင်းအမြစ်များက ပြောထားသည်။

Source: https://myawady.net.mm/