ဂါဇာစစ်မြေပြင်၌ အစ္စရေးက လူမဲ့ဘူဒိုဇာများကို အမြောက်အမြားအသုံးပြုနေ
အစ္စရေးတပ်မတော်က ဂါဇာစစ်မြေပြင်၌ လူမဲ့ဘူဒိုဇာများကို အမြောက်အမြား အသုံးပြုလျက်ရှိကြောင်း သိရသည်။ ထိုဘူဒိုဇာများကို စစ်သည်များကအဝေးတစ်နေရာမှထိန်းချုပ်နေခြင်းဖြစ်သည်။ ရော့ ဒိုဇာဟုအမည်ပေးထားသည့် D9 အမျိုးအစား လူမဲ့ဘူဒိုဇာများက အလိုအလျောက် တိုက်ခိုက်မှုလုပ်ဆောင်မည့် အနာဂတ်စစ်ပွဲအတွက် ရှေ့ပြေးပုံစံဖြစ်ကြောင်း စစ်ဘက်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်သူများကပြောသည်။
အစ္စရေးတပ်မတော်သည် အဆိုပါ D9 ဘူဒိုဇာများကို လွန်ခဲ့သောနှစ်များစွာကတည်းက ရှေ့တန်းနေရာများ၌ အသုံးပြုနေခြင်းဖြစ်ပြီး ဂါဇာစစ်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်တွင် အရေအတွက်တိုးမြှင့် အသုံးပြုလာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ရော့ဒိုဇာများကိုအသုံးပြုရခြင်းသည် ယာဉ်မောင်းစစ်သည်ကို အသုံးပြုရန် မလိုအပ်ဘဲ အန္တရာယ်များလှသည့် လုပ်ငန်းများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးဖြစ်ကြောင်း၊ ရှေ့တန်းစစ်မြေပြင်တွင် အပျက်အစီးများကို ဖယ်ရှားခြင်းနှင့် လမ်းဖောက်ခြင်းများတွင် အသုံးပြုကြောင်းသိရသည်။
Ref: TST
Source: https://myawady.net.mm/