ပေါင်ချိန် ၉၀၀၀၀ ကိုသယ်ဆောင်ပြီး မိုင် ၄၀၀၀ အထိသွားနိုင်တဲ့ မောင်းသူမဲ့ရေယာဉ်
တက္ကဆက်အခြေစိုက် ဆာရိုးနစ်နည်းပညာဆိုတဲ့ကုမ္ပဏီကြီးက Marauder ဆိုတဲ့ မောင်းသူမဲ့အလတ်စားရေယာဉ်တစ်စင်းကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ရေယာဉ်ရဲ့အလျားက ပေ ၁၅၀ ပါ။
သူ့ကိုထုတ်လုပ်ထားတာက အမေရိကန်တပ်မတော်နဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေအတွက် ဘက်စုံအသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာပါ။ သူ့ရဲ့ထင်ရှားတဲ့စွမ်း ဆောင်ရည်တွေက အလေးချိန်အနေနဲ့ ပေါင်ချိန် ၉၀၀၀၀ ကိုသယ်ဆောင်နိုင်ခြင်း၊ မိုင် ၄၀၀၀ အထိခရီးသွားနိုင်ခြင်းနဲ့ ရက် ပေါင်း ၃၀ ကျော်ကြာအောင် ကင်းလှည့် ခြင်းမျိုးတို့ကို လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။
သွားနိုင်တဲ့အမြန်နှုန်းကတော့ ခရီးဝေး နှင်တဲ့အခါမှာ ရေမိုင် ၁၂ မိုင်နှုန်းနဲ့ အမြန်သွားတဲ့အခါမှာ ရေမိုင် ၁၈ မိုင်နှုန်းတို့နဲ့ သွားလာနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
Ref: IE
K.H
Source: https://myawady.net.mm/
MM-News-Category