အမေရိကန်နှင့် ဖိလစ်ပိုင်တို့က စစ်သည်အင်အား ၁၄၀၀၀ ကျော်ဖြင့် ပူးတွဲတိုက်ပွဲဝင် စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်

News Image

  • အမေရိကန်နှင့် ဖိလစ်ပိုင်တို့က စစ်သည်အင်အား ၁၄၀၀၀ ကျော်ဖြင့် ပူးတွဲတိုက်ပွဲဝင် စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်

အမေရိကန်နှင့်ဖိလစ်ပိုင်တို့က စစ်သည် အင်အား ၁၄၀၀၀ ကျော်ဖြင့် ပူးတွဲတိုက်ပွဲဝင် စစ်ရေးလေ့ကျင့်ခန်းကြီးကို   ဧပြီလ ၂၁ ရက်တွင် ဆောင်ရွက်ကြောင်း   သိရသည်။

အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို နှစ်စဉ် ဆောင်ရွက်လေ့ရှိပြီး ယခုလေ့ကျင့်ခန်းကို မေလ ၉ ရက်အထိ သီတင်းပတ်သုံးပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို လေ့ကျင့်ခန်းတွင် အမေရိကန်မှ NMESIS သင်္ဘောဖျက်ဒုံးကျည်စနစ်နှင့် HIMARS ဒုံးပစ်လောင်ချာတို့ကဲ့သို့သော စစ်လက်နက်ပစ္စည်းများ၏ စွမ်းရည်များကိုပါပြသ သွားမည်ဖြစ်သည်။

ထို့ပြင် စစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်သည့် ကျည်စစ်ကျည်မှန် အသုံးပြုပစ်ခတ် လေ့ကျင့်ခန်းတွင် ဖိလစ်ပိုင်က ၎င်းတို့၏ ပြည်တွင်းဖြစ် ခေတ်မီဒုံးကျည်များကို စမ်းသပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက  သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အလားတူ ယခုစစ်ရေးလေ့ကျင့်ခန်း သည် အပြည့်အဝ တိုက်ပွဲဝင်စမ်းသပ်မှု ဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်ဖွဲ့များ၏ စွမ်းရည်များကို ဘက်ပေါင်းစုံမှ တိုင်းတာသွားမည်ဖြစ်ကြောင်း  အမေရိကန်တပ်မတော်မှ စစ်ရေး လေ့ကျင့်ခန်းဆိုင်ရာ ညွှန်ကြားရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ဂျိမ်းဂလင်းကပြောသည်။

ထိုစစ်ရေး လေ့ကျင့်ခန်းတွင် ဒုံးကျည်ရန်စွယ် ကာကွယ်ရေး၊ ကျူးကျော်လာမှုကို ဟန့်တားရေး၊    ဖိလစ်ပိုင်စစ်ရေယာဉ် တစ်စင်းကို   ပစ်ခတ်နှစ်မြှုပ်ရေးတို့ ပါဝင်ကာ  အမေရိကန်ဘက်က  စစ်သည် ၉၀၀၀ ဝန်းကျင်နှင့်   ဖိလစ်ပိုင်ဘက်က စစ်သည် ၅၀၀၀ ကျော်က လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။   

Source: https://myawady.net.mm/