ယူကရိန်းက ဂျာမနီ၏တောရစ်ခရူးစ်ဒုံးကျည် အသုံးပြုလာက တုံ့ပြန်ရန် အသင့်ရှိကြောင်း ရုရှားခြိမ်းခြောက်

News Image

  • ယူကရိန်းက ဂျာမနီ၏တောရစ်ခရူးစ်ဒုံးကျည် အသုံးပြုလာက တုံ့ပြန်ရန် အသင့်ရှိကြောင်း ရုရှားခြိမ်းခြောက်

ယူကရိန်းအနေဖြင့် ဂျာမနီမှ ထောက်ပံ့သော တောရစ်ခရူးစ် ဒုံးကျည်များဖြင့် ရုရှားနယ်မြေထဲသို့ တိုက်ခိုက်မည်ဆိုပါက ထိုလုပ်ရပ်မှာ ဂျာမနီ ၏ သိသာထင်ရှားသော ပဋိပက္ခတွင်း တိုက်ရိုက်ပါဝင်မှုအဖြစ် သတ်မှတ် မည်ဖြစ်ပြီး တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက သတိပေးလိုက်ပါသည်။

လာမည့်ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မာ့ဇ်က တောရစ်ခရူးဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ရန် ဖြစ်နိုင်ကြောင်း ပြောကြားပြီးနောက် ထို ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တောရစ်ဒုံးပျံများသည် ကီလိုမီတာ ၅၀၀ အထိ ပစ်ခတ်နိုင်သဖြင့် ရုရှားနယ်မြေ အတွင်း ထဲထဲ ဝင်ဝင် တိုက်ခိုက်နိုင်စွမ်းရှိသည်။

လက်ရှိဂျာမနီဝန်ကြီးချုပ် အိုလာရှော့စ်ကမူ ပဋိပက္ခ ပိုမိုဆိုးရွားလာနိုင်သည်ဟု စိုးရိမ်မှုကြောင့် တောရစ်ဒုံးကျည်များ ထောက်ပံ့ပေးရန် ယူကရိန်း ၏ တောင်းဆိုချက်ကို ထပ်တလဲလဲ ငြင်းဆိုထားပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃