ရုရှားနိုင်ငံရှိ တာလီဘန်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အတွက် ရုရှား ကို ကျေးဇူးတင်ကြောင်း အာဖဂန် ပြောကြား

News Image

  • ရုရှားနိုင်ငံရှိ တာလီဘန်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အတွက် ရုရှား ကို ကျေးဇူးတင်ကြောင်း အာဖဂန် ပြောကြား

ရုရှားနိုင်ငံတွင် တာလီဘန်များ၏ လှုပ်ရှားမှုများကို တားမြစ်ပိတ်ပင်ခြင်းအား ဆိုင်းငံ့ရန် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အတွက် ရုရှားကို ကျေးဇူးတင်ကြောင်း မော်စကိုမြို့ရှိ အာဖဂန်နစ္စတန်သံရုံးက TASS သတင်းဌာနကို ပြောကြားလိုက်ပါသည်။

“အဆိုပါဆုံးဖြတ်ချက်အတွက် မိမိတို့ ကျေးဇူးတင်ပါကြောင်း၊ ထို ဆုံးဖြတ်ချက်သည် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည် ဖြစ်ပါကြောင်း” သံရုံးက ပြောကြားထားပါသည်။ အစောပိုင်းက ရုရှားရှိ တာလီဘန်များ လှုပ်ရှားနေခြင်းကို ပိတ်ပင်ထားမှုအား ဆိုင်းငံ့ပေးပါရန် ရှေ့နေချုပ် အုပ်ချုပ်ရေးအဖွဲ့တောင်းဆိုချက်ကို ရုရှားတရား လွှတ်တော် ချုပ်က ခွင့်ပြုခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃