အီရန်-အမေရိကန် ဒုတိယအကြိမ် ဆွေးနွေးပွဲရလဒ် အပြုသဘောဆောင် တိုးတက်မှုရရှိကြောင်း အီရန်ပြောကြား

News Image

  • အီရန်-အမေရိကန် ဒုတိယအကြိမ် ဆွေးနွေးပွဲရလဒ် အပြုသဘောဆောင် တိုးတက်မှုရရှိကြောင်း အီရန်ပြောကြား

အီရန်နှင့် အမေရိကန်ကြား နျူကလီးယားဆိုင်ရာ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဧပြီ ၁၉ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ အိုမန်၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်ခဲ့ပါသည်။ 

၄ နာရီကြာ ဆွေးနွေးမှုအပြီးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အရာချီက နှစ်ဖက်ကြား အရေးပါသောကိစ္စရပ်များတွင် နားလည်မှု ပိုမိုနက်ရှိုင်းလာ၍ တိုးတက်မှုရှိကြောင်း အပြုသဘောဆောင် ပြောကြားခဲ့ပြီး၊ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

ယင်းဆွေးနွေးပွဲသို့ အီရန်ဘက်က နိုင်ငံခြားရေးဝန်ကြီးအရာချီနှင့် အမေရိကန်ဘက်က ဒေါ်နယ်ထရမ့်အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကော့ဖ် ဦးဆောင်တက်ရောက်ခဲ့ကြပြီး အိုမန်နိုင်ငံခြားရေးဝန်ကြီးက ပါဝင် တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးမှုအရ ဧပြီ ၂၃ တွင် နှစ်နိုင်ငံကြား ကျွမ်းကျင်သူများအဆင့် အစည်းအဝေးကို လည်းကောင်း၊ ဧပြီ ၂၆ တွင် ဝစ်ကော့ဖ်နှင့် အရာချီတို့ ထပ်မံတွေ့ဆုံသည့်ဆွေးနွေးမှုကို လည်းကောင်း ပြုလုပ်သွားမည် ဖြစ်ပါ သည်။

ကိုးကား- TASS

Photo: Apa.az

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃