အီစတာပွဲတော်အတွက် နာရီ ၃၀ ကြာမြင့် အပစ်အခတ်ရပ်စဲရေး ရုရှား ကြေညာ
ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ အီစတာပွဲတော် အထိမ်းအမှတ်အဖြစ် စစ်မြေပြင်တွင် စစ်ဆင်ရေးပြုလုပ်နေမှုများအားလုံးကိုမော်စကိုစံတော်ချိန် ဧပြီလ ၁၉ ရက် ၁၈ ၀၀ အချိန်မှ ဧပြီလ ၂၁ ရက် ၀၀ ၀၀ အချိန်အထိ စုစုပေါင်း နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ၎င်း၏ စစ်ဦးစီးချုပ်နှင့် ပြုလုပ်သော အစည်းအဝေး အပြီး ကြေညာလိုက်ပါသည်။
ယခုအပစ်အခတ်ရပ်စဲရေးကို ယူကရိန်းအနေဖြင့် လေးစားလိုက်နာမည်ဟု ယုံကြည်ပါကြောင်း၊ ယူကရိန်း၏ တုံ့ပြန်မှုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လိုသည့် စစ်မှန်သောဆန္ဒနှင့် စွမ်းဆောင်နိုင်မှု ကိုထပ်ဟပ်စေမည်ဟု ဗလာဒီမာပူတင်က ထပ်လောင်း ပြောကြားလိုက်ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category