ရုရှား-ယူကရိန်း စစ်သုံ့ပန်း လဲလှယ်

News Image

  • ရုရှား-ယူကရိန်း စစ်သုံ့ပန်း လဲလှယ်

ရုရှားနှင့် ယူကရိန်းတို့ကြား စစ်သုံ့ပန်းလဲလှယ်မှုကြီး တစ်ခုကို ဧပြီလ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် စစ်သုံ့ပန်း ၂၄၆ ဦး လဲလှယ်ခဲ့ကြကြောင်း၊ ရုရှားက ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ယူကရိန်းစစ်သား ၃၁ ဦးကို လွှဲပြောင်းပေးခဲ့ပြီး ယူကရိန်းဘက်ကလည်း ဒဏ်ရာရရှိသူ ရုရှားစစ်သား ၁၅ ဦးကို လွှဲပေးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါသည်။ 

အဆိုပါစစ်သုံ့ပန်းလဲလှယ်ရေးကို အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) က ကြားဝင်စေ့စပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောထား ပါသည်။ ယခုအခါ လွတ်မြောက်လာသော ရုရှားစစ်သားများကိုဘယ်လာရုစ် နိုင်ငံက လိုအပ်သည့် ဆေးကုသမှုခံယူပြုလုပ်ပေးနေပြီး အခြေအနေကောင်းမွန်လာပါက ရုရှားသို့ ဆက်လက်လွှဲပြောင်းပေးမည် ဟု သိရပါသည်။

အီစတာပွဲတော်အတွက် ဗလာဒီမာပူတင်၏ နာရီ ၃၀ ကြာ အပစ်အခတ် ရပ်စဲရေးကြေညာပြီး မရှေးမနှောင်းမှာပင် ထိုကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်ပါသည်။

ကိုးကား- RT

Photo: Daily Sun

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃