အီစတာအပစ်အခတ်ရပ်စဲရေးကို အမေရိကန်ထုတ် HIMARS ဒုံးပစ် စနစ်ဖြင့် ယူကရိန်း ချိုးဖောက်ကြောင်း ရုရှားသံတမန် ပြောကြား

News Image

  • အီစတာအပစ်အခတ်ရပ်စဲရေးကို အမေရိကန်ထုတ် HIMARS ဒုံးပစ် စနစ်ဖြင့် ယူကရိန်း ချိုးဖောက်ကြောင်း ရုရှားသံတမန် ပြောကြား

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က ရုရှား-ယူကရိန်းအကြား အီစတာစစ်ရပ်နားရေးကို တိုးချဲ့နိုင်ရန်မျှော်လင့်ကြောင်း ထုတ်ပြန်ချက်ကို ပြန်လည်တုံ့ပြန်ရင်း ယူကရိန်း အစိုးရသည် အမေရိကန်ထုတ် HIMARS ဒုံးစနစ်များဖြင့် အပစ်အခတ် ယာယီရပ်စဲရေးကို ချိုးဖောက်တိုက်ခိုက်ခဲ့သည် ဟု ပြောကြားလိုက် ပါသည်။ 

ယူကရိန်းအာဏာပိုင်များသည် အီစတာပွဲတော်ကာလတစ်လျှောက် စစ်ရပ်နားရေးကို လိုက်နာခြင်းမရှိဘဲ အထူးသဖြင့် အမေရိကန်လုပ် HIMARS ဒုံးပစ်စနစ်များကို အသုံးပြု၍ ချိုးဖောက်ခဲ့သည် ဟု မာရီယာ ဇာခါရိုဗာ က သူမ၏ Telegram တွင် ရေးသားထုတ်ပြန်ခဲ့ပါသည်။

ဇီလန်စကီးသည် စွမ်းအင်အဆောက်အအုံများကို ပစ်ခတ်မှုရပ်စဲရန် သဘောတူထားသော်လည်း အရပ်သားစွမ်းအင်လိုင်းများကို ရည်ရွယ်တိုက်ခိုက်ခဲ့ကြောင်း၊ အမေရိကန်သည် စစ်ရပ်နားရေးတိုးချဲ့ရေးကို မျှော်လင့်ကြောင်းပြောသော်လည်း HIMARS ကဲ့သို့ လက်နက်များကို ယူကရိန်းထောက်ပံ့ခြင်းဖြင့် ပဋိပက္ခကို မီးမွှေးနေသည်ဟု ဇာခါရိုဗာက ဝေဖန်ထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃