ရုရှား၏ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်း ဆိုင်းမဆင့် ဘုံမဆင့် လက်ခံလိုက်ရကြောင်း ပူတင်ပြောကြား

News Image

  • ရုရှား၏ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်း ဆိုင်းမဆင့် ဘုံမဆင့် လက်ခံလိုက်ရကြောင်း ပူတင်ပြောကြား

အီစတာပွဲတော်အတွက် ရုရှား၏ ယာယီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ယူကရိန်းဘက်က အစပိုင်းတွင် လက်မခံခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားတိုက်ရိုက်ဖိအားကြောင့် ထိုဆုံးဖြတ်ချက် ပြောင်းလဲခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဧပြီ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြား လိုက်ပါသည်။ 

“၎င်းတို့၏ပထမဆုံး တုံ့ပြန်မှုက မိမိတို့၏ အဆိုပြုချက်ကို “လူသားများ၏ အသက်များနှင့် ကစားနေသည့်လှည့်ကွက်” ဟု စွပ်စွဲပြီး အပြည့်အဝ ငြင်းပယ်ခဲ့သည်ကို အားလုံးမြင်ခဲ့ကြရပါကြောင်း” ပူတင်က ရှင်းပြခဲ့သည်။ 

“သို့သော် အမြော်အမြင်ကြီးသူများနှင့် ထင်ရှားသည့် နိုင်ငံတကာ အကြီးအကဲများက ယခုလိုငြင်းပယ်မှုများက ယူကရိန်းအစိုးရအတွက် နိုင်ငံရေးအရ အရှုံးကြီးရှုံးစေမည်ဟု သတိပေးသည့်အခါကျတော့ ချက်ချင်းဆိုသလို သဘောထားပြောင်းလဲသွားခဲ့ပါကြောင်း” ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃