ရုရှား-ဘင်္ဂလားဒေ့ရှ် ရေတပ်စစ်ရေးလေ့ကျင့်မှု အိန္ဒိယသမုဒ္ဒရာတွင် ပြုလုပ်
ရုရှားပစိဖိတ်ရေတပ် (Pacific Fleet) နှင့် ဘင်္ဂလားဒေ့ရှ် ရေတပ်တို့သည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (PASSEX) ကို အိန္ဒိယသမုဒ္ဒရာတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ရုရှားရေတပ်က ဧပြီ ၂၁ ရက်က သတင်းထုတ်ပြန်ထားပါသည်။
ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ရုရှားဘက်က Rezky စစ်သင်္ဘော၊ Hero of the Russian Federation စစ်သင်္ဘော ၊ Alder Tsydenzhapov စစ် သင်္ဘောနှင့် Pechenga ရေနံတင် သင်္ဘောနှင့် ဘင်္ဂလားဒေ့ရှ်ဘက်က စစ် သင်္ဘောများဖြစ်သည့် BNS Umar Farooq၊ BNS Prottoy၊ BNS Durjoy တို့ ပါဝင်ပါသည်။
ဆက်သွယ်ရေးလေ့ကျင့်မှု၊ ပူးပေါင်းဗျူဟာမြောက် ရွေ့လျားမှုနှင့် ရေနံတင် သင်္ဘောမှ ရေနှင့်လောင်စာဖြည့်တင်းခြင်း ဆိုင်ရာ အပြုသဘော လေ့ကျင့်မှု များ ပြုလုပ်ခဲ့ကြသည်။
ကိုးကား- TASS
Photo: Al Mayadeen English
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category