ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အခွန် တိုးမြှင့်ကောက်ခံမည်

News Image

  • ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် တိုးမြှင့်ကောက်ခံမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် (PSC) ကို ပြည်ပခရီးစဥ်အတွက် (၂၅) ဒေါ်လာနှင့် ပြည်တွင်းခရီးစဥ်အတွက် ကျပ် (၁၅,၀၀၀) တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုးမြှင့်ကောက်ခံခြင်းသည် မေလ (၁၂) ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ခရီးသွားဧည့်သည်များအားလုံး Check-in တွင် လေဆိပ်အခွန်အဖြစ် အသက်ဝင်မည် ဖြစ်သည်။

ထို့ကြောင့် မေလ (၁၂) ရက်နှင့် မေလ (၁၂) ရက်နောက်ပိုင်း ခရီးသွားရန် လက်မှတ်ကြိုတင်ဝယ်ယူထားသော ခရီးသည်များသည်လည်း ယင်းလေဆိပ်ခွန် တိုးမြှင့်ကောက်ခံခြင်းတွင် အကျုံးဝင်ပြီး ပေးဆောင်ရမည်ဖြစ်သည်ဟု Yangon International Airport (YIA) က ကြေညာထားသည်။

Passenger Service Charge (PSC) ဆိုသည်မှာ လေဆိပ် (သို့) လေယာဉ်ကွင်းများတွင် ခရီးသည်များကို ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုအတွက် ကောက်ခံသော အခကြေးငွေဖြစ်ပြီး Airport Tax (လေဆိပ်အခွန်) ဟုလည်း ခေါ်ဆိုကြကာ လေယာဉ်လက်မှတ်ဈေးနှုန်းထဲတွင် တစ်ပါတည်းထည့်သွင်းရောင်းချခြင်းမျိုး ဖြစ်သည်။

Source: Popular Myanmar