အီရန်က နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန် အသင့်ရှိ
အီရန်နိုင်ငံက နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုသာ ဖယ်ရှားပေးမည်ဆိုပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှုရှိစေရေး လုပ်ဆောင်ရန်အသင့်ရှိကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာတီမာမိုဟာ ဂျီရာနီက ဧပြီလ ၂၂ ရက်တွင်ပြောသည်။
ပိတ်ဆို့မှုများကိုဖယ်ရှားပေးခြင်းက ပြည်သူများ၏ဘဝများအပေါ် အပြု သဘောဆောင်သည့် သက်ရောက်မှုများရှိစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပိတ်ဆို့မှုကို ဖယ်ရှားခြင်းနှင့် အီရန်၏နျူကလီးယားအစီအစဉ်အပေါ် ပိုမို ယုံကြည်လာစေရေး၊ ပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်ခြင်းတို့ကို အပြန်အလှန်လဲလှယ်သွားမည်ဖြစ်ကြောင်း မိုဟာဂျီရာနီက ပြောကြား ခဲ့သည်။
ထိုသို့လုပ်ဆောင်မည်ဆိုပါက အချိန်တိုအတွင်းမှာပင် အမေရိကန်နှင့် နျူကလီးယားသဘောတူညီချက်တစ်ခုကို ရရှိနိုင်ကြောင်း ၎င်းက ဆက်ပြောထားသည်။
ထို့ပြင် မကြာသေးမီက လုပ်ဆောင်ခဲ့သည့် အီရန်-အမေရိကန် ဒုတိယ အကျော့ဆွေးနွေးမှုသည် အပြုသဘောဆောင်ပြီး တိုးတက်မှုရှိကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူ က ပြောထားသည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရှိရပါသည်။
ကိုးကား- Sputnik