ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်းခရီးသည်များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်
ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်းခရီးသည်များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။ အိန္ဒိယနှင့် ပါကစ္စတန်ကြား အငြင်းပွား နယ်မြေအဖြစ် ထင်ရှားသကဲ့သို့ လှပသည့်တောင်များ၊ ချိုင့်ဝှမ်းများနှင့် ဆီးနှင်းများဖုံးလွှမ်းနေသည့် လွင်ပြင်ကျယ်များကြောင့် ကျော်ကြားသော ဒေသတွင် ဖြစ်ပျက်ခဲ့မှုက ကမ္ဘာလှည့်ခရီးသွားများကို ထိတ်လန့်စေခဲ့ကြောင်း The Strait Times က ဖော်ပြခဲ့ပါသည်။ ပြီးခဲ့တဲ့နှစ်က ကက်ရှ်မီးယားကို ခရီးသည် ၃ သန်းအထိ လာရောက်ခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယသည် ပါကစ္စတန်သံအမတ်များကို တစ်ပတ်အတွင်း ဒေလီက ထွက်ခွာရန် အသိပေးလိုက်ပြီး အစ္စလာမ္မာဘတ်က အိန္ဒိယသံရုံး ဝန်ထမ်းအားလုံးကိုလည်း ပြန်လာရန် ညွှန်ကြားလိုက်ကြောင်း သတင်းများအရ သိရှိရပါသည်။
ကိုးကား- ဒေသတွင်းမီဒီယာ
MM-News-Category