မတ်လတွင် စတင်ခဲ့သည့် အမေရိကန်၏စစ်ဆင်ရေးများကြောင့် ဟူသီ လက်နက်ကိုင်အဖွဲ့ဝင် (၅၀၀) ကျော် သေဆုံး

News Image

  • မတ်လတွင် စတင်ခဲ့သည့် အမေရိကန်၏စစ်ဆင်ရေးများကြောင့် ဟူသီ လက်နက်ကိုင်အဖွဲ့ဝင် (၅၀၀) ကျော် သေဆုံး

မတ်လတွင်စတင်ခဲ့သည့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးများကြောင့် အကြီးတန်းအရာရှိများအပါအဝင် ဟူသီလက်နက်ကိုင်အဖွဲ့ဝင် (၅၀၀) ကျော် သေဆုံးခဲ့ကြောင်း ထောက်လှမ်းရေးနှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရပါသည်။

လွန်ခဲ့သောသီတင်းပတ်(၅)ပတ်ကျော်အတွင်း အမေရိကန်သည် ဟူသီ လက်နက်ကိုင်အဖွဲ့အ‌ပေါ် လေကြောင်းနှင့် ရေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှု များကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့သော်လည်း ရလဒ်များနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း နောက်ဆုံးရ သတင်းအချက်အလက်များ အရအမေရိကန်၏ တိုက်ခိုက်မှုများကြောင့် ဟူသီလက်နက်ကိုင် အဖွဲ့ဝင် (၅၀၀)မှ(၆၀၀)ကြားသေဆုံးခဲ့ပြီး အများစုသည် ဒုံးကျည်စနစ် အော်ပရေတာ များနှင့် ဒရုန်းကျွမ်းကျင်သူများ အပါအဝင် အဆင့်မြင့်အရာရှိများ ဖြစ်သည်ဟု သိရပါသည်။

ထို့အပြင် ယီမင်၏ဒေသအသစ်များဆီသို့ အမေရိကန်၏ စစ်ဆင်ရေး တိုးချဲ့လာမှုများကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ခြေရှိသည်ဟု အဆိုပါကိစ္စနှင့်ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါသည်။ အမေရိကန်၏လေကြောင်းနှင့်ရေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ လေ့ကျင့်ရေးစခန်း အများအပြား ပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရသည့်နေရာများတွင် အသက်ရှင် ကျန်ရစ်သူမရှိကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောကြားခဲ့ပါသည်။

ကိုးကား-NP News