ယူကရိန်းက လုံခြုံရေးအာမခံချက်နှင့် နယ်မြေကိုလဲလှယ်ရန် အသင့်ဖြစ်နေပြီဟုဆို
ယူကရိန်းနိုင်ငံက ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်များ ပါဝင်သည့် အဆိုပြုချက်အသစ်ကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်လိုက်ပြီဖြစ်ကြောင်းနှင့် ယင်းသတ်မှတ်ချက်များထဲတွင် ၎င်းအတွက်လုံခြုံရေး အာမခံချက်နှင့် ရုရှားထံသို့ဆုံးရှုံးသွားသောနယ်မြေကိုလဲလှယ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားသည်။
ထို့ပြင် ယူကရိန်းတို့၏အစီအစဉ်တွင် အချက်ငါးချက်ပါဝင်ကြောင်း၊ ပထမဆုံးအချက်မှာ ခရိုင်းမီးယား ဒေသကိုသာမက ရုရှားနိုင်ငံနှင့်ပေါင်းစည်းသွားသည့် ဒေသများကိုပါ စွန့်လွှတ်မည့်အကြောင်းကို ရေးသားဖော်ပြထားကြောင်း၊ တစ်ချိန်တည်းမှာပင် ယူကရိန်းကိုယ်စားလှယ်များက ၎င်းတို့နိုင်ငံအတွက် ရှင်းလင်းပြီးသေချာမှုရှိသည့် လုံခြုံရေးအာမခံချက်ကိုပေးရန် တောင်းဆိုထားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
သို့သော် ယူကရိန်းက တပ်မတော် သို့မဟုတ် ကာကွယ်ရေးဆိုင်ရာလုပ်ငန်း၏အရွယ်အစားကို လျှော့ချရန် ဆန့်ကျင်ထားပြီး ရုရှားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများအတွက် အန္တရာယ်တစ်ခုဖြစ်သည်ဟု အမေရိကန်သို့ ပေးသောစာ၌ ဖော်ပြထားသည်။
ယင်းမတိုင်မီက အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းငြိမ်းချမ်းရေးအတွက် အချက်ခုနစ်ချက်ပါသော အစီအစဉ်ကို တင်ပြခဲ့ရာ ထိုအထဲတွင်ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ ရုရှားနှင့်ယူကရိန်းတို့ကြားတိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ခရိုင်းမီးယားနှင့်ဒေသအချို့ကို ရုရှားနိုင်ငံပိုင်အဖြစ် သတ်မှတ်ရန်ပါဝင်သည်။
Ref: Tass
Source: https://myawady.net.mm/