အီရန်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား လေးဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရ
အီရန်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ဧပြီလ၂၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူလေးဦးသေဆုံးပြီး ၅၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပေါက်ကွဲမှုသည် ဟော်မော့ဂန်ပြည်နယ် ဘန်ဒါအားဘတ်မြို့ရှိ ရှာဟစ်ရာဂျီးဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် လူ ၅၁၆ ဦးအား အာဏာပိုင်များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။
ထို့ပြင် အာဏာပိုင်အဖွဲ့သည် ဒဏ်ရာရရှိသူများကို ကုသမှုပေးအပ်နိုင်ရန်အတွက် ဖားပြည်နယ် ရှီရက်မြို့၌ ခုတင် ၉၀ ဆံ့ ဆေးကုသရေးစင်တာတစ်ခုကို ဖွင့်လှစ်ပေးခဲ့ရကြောင်း သိရသည်။
ပေါက်ကွဲမှုသည် ရှာဟစ်ရာဂျီးဆိပ်ကမ်းရှိ ဓာတ်ငွေ့သိုလှောင်ကန်တစ်ခု၌ ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း IRNA သတင်းအေဂျင်စီက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များကို အစိုးရက စေလွှတ်ခဲ့ပြီး ရှာဟစ်ရာဂျီးဆိပ်ကမ်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့ကြောင်း သိရသည်။
Ref: Xinhua
Source: https://myawady.net.mm/