ရေဖြူမြို့နယ်၊ ဒေါက်လောက် ကျေးရွာအနီးရှိ သံကူကွန်ကရစ် ဘေလီ တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားလာသည့် လမ်းပေါ်၌ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ်ထားသည့် အရှည် ၅၀၀ ပေ၊ အနံ ၁၂ ပေရှိသံကူကွန်ကရစ် ဘေလီ တံတားအား ဧပြီ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ၆ လက်မ ၃ လက်မရှိ သစ်သားဇလီဖားများနှင့်အပေါ်ပြင်ခင်းများ ပေ ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ ပျက်စီးခဲ့သည့်တံတားအား ရေဖြူမြို့နယ်လမ်းဦးစီးဌာနမှ အမြန်ဆုံး ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကိုးကား-Myanmar National Post
MM-News-Category