SUV လောကကို အလှည့်အပြောင်းဖြစ်လာစေမယ့် Jeep ရဲ့ လျှပ်စစ်စွမ်းအင်သုံး SUV
အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Jeep က SUV ကားလောကကို တစ်ခေတ်ဆန်းသစ်စေမယ့် SUV တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါပြီ။ အဲဒီ SUV ကိုတော့ သမားရိုးကျဖြစ်တဲ့ အင်ဂျင်တွေအသုံးပြုသွားမှာ မဟုတ်ဘဲ လျှပ်စစ်စွမ်းအင်သုံး မော်တာတွေနဲ့ မောင်းနှင်လည်ပတ်သွားမှာဖြစ်ပါတယ်။
သူ့မှာအမျိုးအစားသုံးမျိုး ခွဲခြားထားပါတယ်။ ရှေ့ယက်ဘီးအမျိုးအစားနဲ့ အတူမြင်းကောင်ရေ ၂၁၃ ကောင်အားမှသည်၃၇၅ ကောင်အားအထိရှိတဲ့ အမျိုးအစား တွေကိုခွဲထားတာဖြစ်ပါတယ်။ အဆင့်အမြင့်ဆုံး အမျိုးအစားမှာဆိုရင် နောက်ယက်အတွက် မော်တာတပ်ဆင်ထားပြီး ရှေ့ဘီးမှာကုပ်အား လုံးဝမရှိသည့်တိုင်အောင် ဆင်ခြေလျှောအမြင့် ၂၀ ရာခိုင်နှုန်းကို အသာအယာတက်နိုင်မယ်လို့ဆိုပါတယ်။ အကွာအဝေးကတော့ ကီလိုမီတာ ၆၅၀ အထိသွားနိုင်မှာပါ။
Source: https://myawady.net.mm/
MM-News-Category