ဂျမူး-ကက်ရှ်မီးယား အကြမ်းဖက်တိုက်ခိုက်မှုအပြီး အိန္ဒိယအစိုးရက ပိုမို တင်းကျပ်သော အရေးယူမှုများ ဆောင်ရွက်မည်

News Image

  • ဂျမူး-ကက်ရှ်မီးယား အကြမ်းဖက်တိုက်ခိုက်မှုအပြီး အိန္ဒိယအစိုးရက ပိုမို တင်းကျပ်သော အရေးယူမှုများ ဆောင်ရွက်မည်

ဂျမူး-ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစိုးရမှ ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယပါလီမန်ရေးရာဝန်ကြီး Kiren Rijiju က အိန္ဒိယ အစိုးရနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ကျင်းပပြုလုပ်သော အရေးပေါ်အစည်းအဝေး (CCS Meeting) အပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကြေညာလိုက်ပါသည်။

လတ်တလောဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုသည် လွန်စွာဝမ်းနည်းဖွယ်ကောင်းပြီး တစ်နိုင်ငံလုံးအနေဖြင့် စိုးရိမ်ပူပင်ကြရကြောင်း၊ အစိုးရအနေဖြင့် ပိုမိုတင်းကျပ်သော အရေးယူမှုများဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီးဖြစ်ပါကြောင်း ပါလီမန်ဝန်ကြီးက ပြောကြားထားပါသည်။ 

အဆိုပါအစည်းအဝေး၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယ၏ တုံ့ပြန်မှုများကို ကာကွယ်ရေးဝန်ကြီး Rajnath Singh က အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်ဟု သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃