ကုန်သွယ်ရေးနှင့်ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ ပြုလုပ်ရာတွင် မိမိ တို့၏ ငွေကြေးကိုသာ အသုံးပြုရန် BRICS ထောက်ခံ

News Image

  • ကုန်သွယ်ရေးနှင့်ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ ပြုလုပ်ရာတွင် မိမိ တို့၏ ငွေကြေးကိုသာ အသုံးပြုရန် BRICS ထောက်ခံ

BRICS နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဧပြီ ၂၉ ရက်တွင် ရီယို ဒီဂျနေးရိုးမြို့တွင် အစည်းအဝေးပြုလုပ်ပြီးနောက် ကြေညာချက်ထုတ်ပြန် လိုက်ကြပါသည်။

ထိုကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေးနှင့်ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ ဆောင်ရွက်ရာတွင် မိမိတို့၏ ပြည်တွင်းငွေကြေးများကိုသာ ပိုမိုအသုံးပြုနိုင်ရေးအားပေးရန်၊ ဖွဲ့ဖြိုးဆဲနိုင်ငံများ၏ ပါဝင်နိုင်မှုနှင့် ကိုယ်စားပြုနိုင်မှုကို မြှင့်တင်ပေးနိုင်သည့် ကမ္ဘာ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအဖြစ် ပြုပြင်ရန် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ငွေကြေးအရင်းအနှီးနှင့်အရင်းအမြစ်များ လွယ်ကူစွာ ရရှိစေရေး အာမခံရန်၊ G20 အုပ်စုကို ဖွံ့ဖြိုးပြီး/ဖွံ့ဖြိုးဆဲ နိုင်ငံများပူးပေါင်းသည့် အဓိက စီးပွားရေးဖိုရမ်အဖြစ် အသိအမှတ်ပြုကြရန်၊ သတ္တုတူးဖော်ရေးနယ်ပယ်တွင် နည်းပညာလွှဲပြောင်းခြင်း၊ ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များဖြင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ ဖော်ပြပါရှိပါသည်။

အချုပ်ဆိုလျှင် BRICS နိုင်ငံများသည် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုကို လျှော့ချရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးအခွင့်အလမ်းများ တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။

ကိုးကား- TASS

Photo: Weekly-Echo

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃