အိန္ဒိယနှင့် ပါကစ္စတန်တို့ တင်းမာမှု လျှော့ချရန် မာကို ရူဘီယို တိုက်တွန်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ပါကစ္စတန် ဝန်ကြီးချုပ် မိုဟာမက်ရှာဘတ်ရှာရစ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကားတို့နှင့် ဖုန်းဆက်ပြောဆိုကာ နှစ်နိုင်ငံအကြား တင်းမာမှုများ လျှော့ချရန် တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။
တောင်အာရှတွင် တင်းမာမှုလျှော့ချရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အတွက် ပါကစ္စတန်နှင့်အတူ လုပ်ဆောင်ရန် ဝန်ကြီး ရူဘီယိုက အိန္ဒိယ ကို တိုက်တွန်းထားကြောင်း သီးသန့်ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြ ထားသည်။
ကိုးကား- TASS
Photo: The Financial Express
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category