ယူကရိန်းက ရုရှားသို့နယ်မြေများပေးရန်ဆန္ဒရှိဟု ထရမ့်ကိုယ်စားလှယ်ပြော
ဝါရှင်တန်၊ နိုင်ငံရေး
ယူကရိန်းက ရုရှားနိုင်ငံသို့ နယ်မြေများကိုပေးရန်ဆန္ဒရှိနေသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် ကိပ်ကဲလော့ကပြောကြောင်းသိရသည်။
ယူကရိန်းအစိုးရအနေဖြင့် ရုရှားနိုင်ငံက ထိန်းချုပ်ထားသော ခရိုင်းမီးယားဒေသ အပါအဝင် အခြားသော ဒေသလေးခုကိုပါ ရုရှားနိုင်ငံပိုင်အဖြစ် သဘောထားပေးလိုကြောင်း၊ သို့သော်တရားဝင်ထုတ်ပြန်မှုကိုမူ လုပ်ဆောင်မည်မဟုတ်ကြောင်းကိပ်ကဲလော့ကဆက်ပြောသည်။
ထို့ပြင် ရုရှားထိန်းချုပ်ထားသောနယ်မြေများကို ယူကရိန်းကစွန့်လွှတ်ကြောင်း ရုရှား၏တောင်းဆိုချက်အပေါ် အမေရိကန်ကလက်ခံနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ Fox News သတင်းဌာနက မေးမြန်းရာ ၎င်းတို့အနေဖြင့်လက်ခံနိုင်ကြောင်း ကိပ်ကဲလော့က ပြောသည်ဟုသတင်းဌာနကဖော်ပြထားသည်။
ထို့ပြင် ယူကရိန်းဘက်က လက်ရှိရုရှား ထိန်းချုပ်ခံနယ်မြေများတွင် ရုရှားကိုနေရာယူစေပြီး အပစ်အခတ်ရပ်စဲရေးကို အလိုရှိနေကြောင်း ၎င်းကပြောသည်။
Ref: RT
Source: https://myawady.net.mm/