အိန္ဒိယနှင့် ပါကစ္စတန် လေကြောင်းပိုင်နက် အသုံးပြုခွင့် အပြန်အလှန် ပိတ်ပင်

News Image

  • အိန္ဒိယနှင့် ပါကစ္စတန် လေကြောင်းပိုင်နက် အသုံးပြုခွင့် အပြန်အလှန် ပိတ်ပင်

ပါကစ္စတန်လေယာဉ်အားလုံး အိန္ဒိယလေကြောင်းပိုင်နက်ထဲ ဝင်ရောက် ဖြတ်သန်း အသုံးပြုခွင့်ကို မေလ ၂၃ ရက်နေ့အထိ တားမြစ် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဧပြီ ၃၀ (ဗုဒ္ဓဟူးနေ့)တွင် ထုတ်ပြန် ကြေညာလိုက်သည့် NOTAM (လေယာဉ်များအတွက် အသိပေးချက်) အရ သိရပါသည်။

“အိန္ဒိယလေကြောင်းပိုင်နက်ကို ပါကစ္စတန်၌ မှတ်ပုံတင်ထားသည့် လေယာဉ်များ၊ ပါကစ္စတန်လေကြောင်းလိုင်းများပိုင်ဆိုင်သည့် လေယာဉ်များ (ငှားရမ်းထားသည်ဖြစ်စေ) ၊ စစ်ဘက်သုံး လေယာဉ်များအား အသုံးပြု ခွင့်မပြု” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပါကစ္စတန်ဘက်မှလည်း ပြီးခဲ့သည့် ရက်အနည်းငယ်က အိန္ဒိယ လေယာဉ်များအား ၎င်းတို့၏ လေကြောင်းပိုင်နက် ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု ပိုမိုမြင့်တက်လာခြင်း ဖြစ်ပါသည်။

ကိုးကား- TASS

Photo: FlightGlobal

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃