ဇီလန်စကီးက မော်စကို၏ အောင်ပွဲနေ့အခမ်းအနားသို့တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များကို ခြိမ်းခြောက်

News Image

  • ဇီလန်စကီးက မော်စကို၏ အောင်ပွဲနေ့အခမ်းအနားသို့တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များကို ခြိမ်းခြောက်

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက မော်စကို၌ကျင်းပမည့် မေလ ၉ ရက် အောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်မည့် ကမ္ဘာ့ ခေါင်းဆောင်များ၏ ဘေးကင်းလုံခြုံမှုကို ကတိမပေးနိုင်ကြောင်း သတိပေးခဲ့ပါသည်။ ထို့အပြင် ရုရှား၏ အောင်ပွဲနေ့ စစ်ပြေငြိမ်းရေး အဆိုပြုချက်ကိုလည်း “ပြဇာတ်တစ်ပုဒ်” ဟု ပစ်ပယ်ပြောဆိုခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လူသားချင်းစာနာထောက်ထားမှု အကြောင်းပြချက်နှင့် မေလ ၈ ရက်မှ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားများအထိ ၃ ရက်ကြာ တစ်ဖက်သတ် စစ်ရေးရပ်နားမှု ပြုလုပ်မည်ဟု ကြေညာခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့က အဆိုပါလုပ်ရပ်သည် “ယူကရိန်းနှင့် ကနဦး အခြေအနေ မပါဘဲ တိုက်ရိုက်စေ့စပ်ဆွေးနွေးမှုများ၏ အစဖြစ်နိုင်သည်” ဟု ရှင်းပြခဲ့ပါသည်။ သို့သော် ယူကရိန်းဘက်မှ ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေးကိုသာ တောင်းဆိုထားပါသည်။

စနေနေ့ (မေ ၃) က သတင်းစာရှင်းလင်းပွဲ၌ ဇီလန်စကီးက အဆိုပါ သဘောထားကို ထပ်လောင်းပြောကြားခဲ့ပါသည်။

“စစ်ပွဲအဆုံးသတ်ရန် နောက် ၂ ရက်၊ ၃ ရက်အတွင်း မည်သည့်အစီအစဉ်မျှ ချမှတ်၍မရနိုင်ကြောင်းနှင့် အရေးတယူ လုပ်ဆောင်ရန် မရှိကြောင်း... ပြဇာတ်တစ်ပုဒ်ကဲ့သို့ ဖြစ်နေသည်” ဟု ပူတင်ကို ရည်ညွှန်းပြီး Interfax-Ukraine သတင်းဌာနက ကိုးကား ပြောဆိုခဲ့ပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂