လာမည့်နှစ်အတွက် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံ တောင်းခံမည်ဟု ထရမ့် ပြောကြား

News Image

  • လာမည့်နှစ်အတွက် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံ တောင်းခံမည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အောက်တိုဘာလ ၁ ရက်မှ စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် သမိုင်းတွင်မည့် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံကို ကွန်ဂရက်မှ တောင်းခံမည်ဟု အိမ်ဖြူတော်အရင်းမြစ်များကို ကိုးကား၍ Bloomberg က ဖော်ပြထား ပါသည်။

၎င်းတို့အဆိုအရ သတ်မှတ်ထားသောဘဏ္ဍာငွေများကို Golden Dome ဒုံးပျံကာကွယ်ရေးစနစ်၊ သင်္ဘောတည်ဆောက်ရေးနှင့် နျူကလီးယား စွမ်းအင်အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းလာစေရန်အတွက် အသုံးပြုရန် စီစဉ်ထားသည်ဟု သိရပါသည်။ ထို့အပြင် ယခုဘဏ္ဍာငွေတွင် အမေရိကန်စစ်မှုထမ်းများ၏ လစာကို ၃.၈% တိုးမြှင့်ပေးရန်လည်း ပါဝင်ပါသည်။

ဧပြီလ ၈ ရက်က ထရမ့်က ၎င်း၏အစိုးရအဖွဲ့သည် ဒေါ်လာ ၁ ထရီလီယံ ခန့်ရှိသော ကာကွယ်ရေးဘဏ္ဍာငွေကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က အမေရိကန်၏ အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၈၄၁ ဘီလီယံ ဖြစ်ပါသည်။

ကိုးကား- TASS 

Photo: CNBC TV 18

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃