တရုတ် Plugin-Hybrid ကားများ ဥရောပတွင် ပိုမိုရောင်းချလာ

News Image

  • တရုတ် Plugin-Hybrid ကားများ ဥရောပတွင် ပိုမိုရောင်းချလာ

BYD နှင့် Chery အပါအဝင် တရုတ် ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် တရုတ်ထုတ် လျှပ်စစ်ကားများအပေါ် ဥရောပကော်မရှင်က ကြပ်မတ်ထားသော ကုန်သွယ်ခွန်ကို ရှောင်ရှားရန် Plugin-Hybrid (PHEV) ကား များကို ဥရောပတွင် ပိုမိုရောင်းချလျက်ရှိကြောင်း မတ်လ ၂ ရက် (သောကြာနေ့) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရပါသည်။ 

၂၀၂၅ ခုနှစ်၊ မတ်လတွင် BYD သည် ဥရောပ၌ PHEV ၃,၂၆၉ စီး၊ Chery က ၇၅၇ စီး ရောင်းချခဲ့ပြီး ထိုပမာဏမှာ ယမန်နှစ် ဇူလိုင်တွင် အခွန် စည်းကြပ်ခံရစဉ်က သုညနီးပါးမှ သိသိသာသာ တိုးတက်လာခြင်း ဖြစ်ပါ သည်။ ယခုအခါ PHEV များသည် တရုတ်ထုတ် လျှပ်စစ်ကားများအတွက်အခွန်စည်းကြပ်မှုဒဏ်ကို ရှောင်ရှားနိုင်သည့် ရွေးချယ်စရာတစ်ခု ဖြစ်လာ သည်ဟု Rho Motion သုတေသနအဖွဲ့ အစီရင်ခံစာအရ    သိရပါသည်။ 

ဥရောပသမဂ္ဂသည် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက တရုတ်ထုတ် လျှပ်စစ်ကား (BEV) များအပေါ် ၄၅.၃ % အထိ အကောက်ခွန် စည်းကြပ်ထားပါသည်။ 

Plugin-Hybrid (PHEV) ဆိုသည်မှာ ဓာတ်ဆီ/ဒီဇယ်အင်ဂျင်နှင့် ဘက်ထရီ ဖြင့် နှစ်မျိုးလုံးမောင်းနိုင်သော ကားမျိုးဖြစ်ပြီး၊ ယင်းကားမှာ လျှပ်စစ်ကားများထက် အနည်းငယ် အကောက်ခွန်နည်းပါးသဖြင့် တရုတ်ထုတ် ကုမ္ပဏီ များအတွက် ပိုမိုအဆင်ပြေစေပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃